စာဖတ်ပြမယ် - Myanmar Audiobook

စာဖတ်ပြမယ် - Myanmar Audiobook

Author: Win Ei Language: Burmese Episodes: 100
အသံဖိုင်တစ်ခုဖွင့်လိုက်တိုင်း စာမျက်နှာအသစ်တစ်ခုကို လှန်လိုက်သလိုပါပဲ။ စာဖတ်ပြမယ်-Myanmar Audiobook ဟာ စာဖတ်ခြင်းရဲ့ သဘောတရားကို အသံထွက် အနုပညာတစ်ခုအဖြစ် ပြောင်းလဲပြသနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ဒီ podcast မှာ Win Ei ရဲ့ အေးချမ်းပြီး နားထောင်ရတာ သက်တောင့်သက်သာရှိတဲ့ အသံဖြင့် မြန်မာစာပေလက်ရာများကို အသက်ဝင်လာစေမှာပါ။ သူမရဲ့ ဖတ်ပြချက်တွေဟာ စာသားတွေကို ရှင်းလင်းစွာ ဖတ်ပြတာထက် ပိုပါတယ်၊ ဇာတ်လမ်းထဲက စိတ်ခံစားမှုတွေ၊ ဇာတ်ဆောင်တွေရဲ့ လက္ခဏာတွေကို သင့်အနားမှာ ရှိနေသလို ခံစားရအောင် သယ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါဟာ စာအုပ်စာပေကို ချစ်မြတ်နိုးသူတိုင်းအတွက် သာမက၊ မျက်မြင်အာရုံကြောအခက်အခဲရှိသူများ ဒါမှမဟုတ် နေ့စဉ်အလုပ်တွေကြားမှာ စာဖတ်ချိန်မရသူများအတွက်ပါ စာဖတ်ခြင်းရဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ အပတ်စဉ် စနေညတိုင်းမှာ အခန်းသစ်တစ်ခု ထွက်ရှိပြီး၊ နှစ်သက်ရာ စာအုပ်တစ်အုပ်ရဲ့ ကမ္ဘာထဲကို နှစ်မြုပ်သွားနိုင်ပါတယ်။ ဒီအသံဖိုင်တွေဟာ သင့်ရဲ့ ခရီးသွားချိန်၊ အိမ်အလုပ်လုပ်ချိန် ဒါမှမဟုတ် အနားယူချိန်တွေမှာ သင့်အတွက် စာဖတ်ဖော်ကောင်းတစ်ယောက်အဖြစ် ပါဝင်ပေးနေမှာပါ။
Episodes
မင်းလူ - မောင်ဟင်နရီ ချစ်ဖွယ် (ဝတ္ထုတို) [not-audio_url] [/not-audio_url]

Duration: 17:12
ဒီညအတွက်ကိုတော့ ဆရာမင်းလူ ရေးသားထားတဲ့ “မောင်ဟင်နရီ ချစ်ဖွယ်” ဆိုတဲ့ ဝတ္ထုတိုလေးကိုဖတ်ပြပေးထားပါတယ်။ စာဖတ်ပြရင်းစကားလုံးထောက်သွားတဲ့နေရာ၊ အသံထွက်မှားသွားတဲ့နေရာလေးတွေရှိပါတယ် သည်းခံနားဆင်ပေးကြပါဦးရှင် 🤍
ဂျိုဇော် - ဘဝနွေးနွေး (လျှပ်တစ်ပြက် ဝတ္ထု) [not-audio_url] [/not-audio_url]

Duration: 3:22
မိတ်ဆွေတို့ရေ ဒီအပတ်အတွက်ကိုတော့ လျှပ်တစ်ပြက် ဝတ္ထုလေးတစ်ပုဒ်ပဲ ဖတ်ပြပေးဖြစ်ပါတယ်၊ ဝင်းအိ ဝတ္ထုတိုတွေရွေးဖို့ အချိန်မပေးနိုင်ဘူးဖြစ်သွားလို့ပါရှင်။ ဒါလေးနားထောင်ပြီး နောက်ကျန်ရှိနေတဲ့ ဝတ္ထု (၉၉) ပုဒ်ကိုလဲ ဖတ်ချင်သွားတယ်ဆ…
လယ်တွင်းသားစောချစ် - တီတီ တီတီတီ (ဝတ္ထုတို) [not-audio_url] [/not-audio_url]

Duration: 11:41
ဒီညအတွက်ကိုတော့ ဆရာလယ်တွင်းသားစောချစ် ရေးသားထားတဲ့ “တီတီ တီတီတီ” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ်။ Podcast သုံးနှစ်ပြည့်အမှတ်တရ post လေး YouTube မှာတင်ထားတာရောတွေ့မိလိုက်ကြသေးလားမိတ်ဆွေတို့ 😁
တာရာမင်းဝေ - ဓါးမှတ်စု(ဝတ္ထုတို) [not-audio_url] [/not-audio_url]

Duration: 16:01
ဒီညအတွက်ကိုတော့ ဆရာတာရာမင်းဝေ ရေးသားထားတဲ့ “ဓါးမှတ်စု” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ 💟
မင်းလူ - တစ်ကော်လံဝတ္ထု (ဝတ္ထုတို) [not-audio_url] [/not-audio_url]

Duration: 6:54
ဆရာမင်းလူ ရေးသားထားတဲ့ တစ်ကော်လံဝတ္ထု ဆိုတဲ့ဝတ္ထုတိုလေးကို မိတ်ဆွေတို့ ဒီညနားဆင်နိုင်ဖို့ ဖတ်ပြပေးထားပါတယ်ရှင် 🤗

«1...78910